Wednesday, March 4, 2009

ကွန်ပြူတာသင်တန်းဖွင့်လှစ်

မြန်မာအလုပ်သမားများအကြားတွင် နည်းပညာတတ်မြောက်စေရေး ရည်ရွယ်ချက်ဖြင့် အခြေခံကွန်ပြူတာသင်တန်း ဖွင့်လှစ် ခဲ့သည်။

မြန်မာ့လွတ်လပ်ရေးနေ့ဖြစ်သည့် ဇန်နဝါရီလ (၄) နေ့တွင် လောကမီးအိမ်စာကြည့်တိုက်(ဟုန်ဖိုင်) တွင် အခြေခံ ကွန်ပြူတာ သင်တန်းကို စာကြည့်တိုက်ဝိုင်းတော်သားများမှ ဦးစီး၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါသင်တန်းသို့ ဟုန်ဖိုင်ရပ်ကွက်ရှိ စက်ရုံအသီးသီးမှ အမျိုးသား (၁၄) ဦးနှင့် အမျိုးးသမီး (၁၀) ဦး စုစုပေါင်း (၂၄) ဦး တက်ရောက်ကာ သင်ကြားလျှက်ရှိသည်။

သင်တန်းကြေးအဖြစ် တဦးလျှင် တလ (၇၀) ဘတ်နှုန်းစီ ကောက်ခံကာ စာကြည့်တိုက်ငှားရမ်းစရိတ်အား အသုံးပြု ထားသည်ဟု သိရသည်။

အဆိုပါသင်တန်းအတွက် လိုအပ်နေသည့် ကွန်ပြူတာစားပွဲ၊ ထိုင်ခုံနှင့် အခြားပစ္စည်းများ ဝယ်ယူနိုင်ရေးအတွက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ(DPNS)၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) နှင့် မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု (FDB) တို့မှ အလှူငွေများ ထည့်ဝင်လှူဒါန်းခဲ့သည်။

အဆိုပါ အခြေခံ ကွန်ပြူတာသင်တန်းအား အလုပ်သမားများ အားလပ်ရက်ဖြစ်သည့် စနေနှင့် တနင်္ဂနွေနေ့များတွင် ပြုလုပ်ပြီး သင်တန်းကာလမှ (၃) လတာဖြစ်၍ လာမည့် ဧပြီလ (၅) ရက်နေ့တွင် ပထမအကြိမ် ကွန်ပြူတာအခြေခံသင်တန်း ပြီးဆုံး မည်ဖြစ်ကြောင်း သိရှိရသည်။





0 comments:

  © Free Blogger Templates Blogger Theme by Ourblogtemplates.com 2008

Back to TOP